Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၂ ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၃ သာသနာ့နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်၏ ညွှန်ကြားချက်

မန္တလေး

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်

အကြောင်းအရာ။         ။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၂ ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၃ သာသနာ့နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားချက်ထုတ်ပြန်ခြင်း

          မန္တလေးကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သာသနာ့အကျိုးတော်ဆောင်များ၊ လူငယ်များနှင့် ဘာသာဝင်အပေါင်းတို့

၁။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄-၂၅) ရက် (စနေနေ့ + တနင်္ဂနွေနေ့) များတွင် ကျရောက်သော ခရစ်တော်ဘုရားရှင်၏ မွေးနေ့ပွဲတော်မြတ် (ခရစ္စမတ်ပွဲတော်)

၂။ ဇန်နဝါရီလ (၁) ရက် (တနင်္ဂနွေ) နေ့တွင်ကျရောက်မည့် ၂၀၂၃ ခုနှစ်မြောက် သာသနာ့နှစ်ကူးပွဲ (နိုင်ငံတကာနှစ်ကူးပွဲ) များနှင့်ပတ်သက်၍

           အောက်ဖော်ပြပါအချက်များကို ညွှန်ကြားအပ်ပါသည်။

က) ခရစ္စမတ်ကယ်ရယ်သီချင်းဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီချင်းများကို အသံချဲ့စက် (Sound Box) များဖြင့် ဖွင့်ခြင်း

၂) လူစုလူဝေးဖြင့်ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်း

ဂ) ဘုရားရှိခိုးကျောင်းများ၊​ ခေါင်းလောင်းစင်များ၊ ကျောင်းဝန်းပရဝဏ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို အရင်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့် ပြင်ဆင်ခြင်း

ဃ) ပွဲတော်မြတ်နှင့်ပတ်သက်၍ မိမိတို့မိသားစု၏ မည်သည့်ပုံရိပ်မျိုးကိုမဆို လူမှုကွန်ယက်များတွင် ဖော်ပြခြင်းများကို

        မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သည့် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှ ကက်သလစ်ဘာသာဝင်များနှင့် ဓမ္မမိတ်ဆွေများကြုံတွေ့နေကြရသည့် ဆင်းရဲဒုက္ခများကို စာနာထောက်ထားမျှဝေခံစားသောအားဖြင့် မပြုလုပ်ကြပါရန် ဆရာတော် လေးစွားစွာ မှာကြားလိုက်ပါသည်။

         သို့သော် -

         ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင်စတင်မည့် ခရစ်တော်ဘုရားမွေးနေ့တော်အတွက်ပြင်ဆင်ရာ အာဒ်ဝင်တူးအချိန်ကာလဖြစ်သည့် ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့မှစတင်၍

         အာပါတ်ဖြေခြင်း၊ မစ္ဆားနာယူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဒုက္ခရောက်နေသူများကို ကူညီခြင်း၊ အလှုဒါနပြုခြင်း၊ခရစ္စမတ်နိုဗီနာပြုလုပ်ခြင်း စသည့် မြင့်မြတ်ရာများကို ကက်သလစ်သာသနာ့ညွှတ်ကြားချက် (2022-2023 ORDO, Pg. 43-44) များနှင့်အညီ မပျက်မကွက် လုပ်ဆောင်ကြပါရန် ဆရာတော်ညွှန်ကြားအပ်ပါသည်။

 

ခရစ်တော်ဘုရား၏ အမှုတော်မြတ်၌

 

+ ဆရာတော် မာကုတင်ဝင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်



2022-11-11 22:12:21
NEWS AND EVENTS