Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၁ ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၂ နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားချက်

မန္တလေး

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

 

အကြောင်းအရာ။          ။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၂ နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားချက်

          မန္တလေးကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သာသနာ့အကျိုးတော်ဆောင်များ၊ လူငယ်များနှင့် ဘာသာဝင်အပေါင်းတို့

          အခြေအနေအကြောင်းကြောင်းကြောင့် ဤ ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်မြတ်နှင့် ရောက်လာမည့်နှစ်ကူးပွဲကို မစ္ဆားတရားတော်မြတ် (သာသနာမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ) ပူဇော်ခြင်းမှလွဲ၍ ကျန်အစီအစဉ်များအားလုံး ဥပမာ -

၁။ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီချင်းများကို ဆောင်းဘောက်များဖြင့် ဖွင့်ခြင်း

၂။ လူစုလူဝေးဖြင့်ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲ စသဖြင့် ကျင်းပခြင်း

၃။ ဘုရားရှိခိုးကျောင်းများ၊​ ခေါင်းလောင်းစင်များ၊ ကျောင်းဝန်းပရဝဏ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို အရင်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့် ပြင်ဆင်ပူဇော်ခြင်း

၄။ ပွဲတော်မြတ်နှင့်ပတ်သက်၍ မိမိတို့မိသားစု၏ မည်သည့်ပုံရိပ်မျိုးကိုမဆို လူမှုကွန်ယက်များတွင် ဖော်ပြခြင်း စသဖြင့်

          - မပြုလုပ်ကြပါရန် ဆရာတော် လေးစွားစွာ တိုက်တွန်းမှာကြားလိုက်ပါသည်။ အားလုံးနားလည်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

          အာပါတ်ဖြေခြင်း၊ မစ္ဆားနာယူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဒုက္ခရောက်နေသူများကို ကူညီခြင်း၊ အလှုဒါနပြုခြင်း၊ စသည့် မြင့်မြတ်ရာများပြုကြလျက် အများပြည်သူများနှင့် ထပ်တူထပ်မျှ ရှိနိုင်ကြပါစေ။

 

ခရစ်တော်ဘုရား၏ အမှုတော်မြတ်၌

 

ဆရာတော် မာကုတင်ဝင်း

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်



2022-11-10 21:14:45
NEWS AND EVENTS