Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

အခက်အခဲဖြစ်နေသော မိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း

ခရစ္စမတ်အလှူဒါနအဖြစ် စိန့်ဗင်းဆင်းထောက်ပံ့ခံမိသားစုများနှင့် ကိုဗစ်၁၉ ကြောင့် အခက်အခဲဖြစ်နေသော မိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း။
(၂၇.၁၂.၂၀၂၀)
(၂၇.၁၂.၂၀၂၀) ရက်နေ့က ၊ ဩစတေးလျား နိုင်ငံရောက် မြန်မာကက်သလစ်မိသားစုများမှ စုပေါင်း၍ ခရစ္စမတ်အလှူဒါနအဖြစ် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်ဗင်းဆင်းထောက်ပံ့ခံမိသားစုများနှင့် ကိုဗစ်၁၉ ကြောင့် အခက်အခဲဖြစ်နေသော မိသားစုများစုစုပေါင်း (၁၅၀) ကျော် အား ဆန်အိတ်များ ကို လှူဒါန်းခဲ့ပါသည်။
ဩစတေးလျားနိုင်ငံရောက် Ko Joseph Harry နှင့် Ma Geraldine Harry မိသားစုတို့မှ ဩစတေးလျမှ ဦးဆောင်၍ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ပြည်တော်ကောင်စီ အဖွဲ့ဝင်တို့မှ ကိုဗစ်နိုင်တင်း စည်းကမ်းချက်များနှင့်အညီ လှူဒါန်းခြင်းအစီအစဉ်ကို လုပ်ဆောင်ခဲ့ကြပါသည်။
မွန်ဆီညော် ဒေါမိနစ်ဂြိုဟ်တုမှ အဖွင့်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီး ဆရာတော်ကြီးမာကုတင်ဝင်းမှ အဖွင့်အမှာစကားကိုပြောကြားခဲ့ရာ '' ဆရာတော်ဘုရားက နှစ်စဉ်နှစ်တိုင်း ယခုလိုလှူဒါန်းပေးကြ‌သော ဩစတေးလျားနိုင်ငံရောက်မြန်မာကက်သလစ် မိသားစု အဖွဲ့ဝင်များအား ကျေးဇူးတင်ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်၁၉ ကြောင့် အခက်အခဲဖြစ်နေသော မိသားစုဝင်များအတွက်ပါ ထည့်သွင်းစဉ်းစားလှူဒါန်းပေးသည့်အတွက်လည်း ကျေးဇူးတင်ကြောင်းများ ပြောကြားခဲ့ပြီး လှူဒါန်းပေးသော အလှူရှင်များအတွက်လည်း ဆုတောင်းပေးခဲ့ပြီး ထောက်ပံ့ခံ မိသားစုဝင်များသည်လည်း ယခုလို ထောက်ပံ့ခံ ရခြင်းမှ လှူဒါန်းနိုင်သော အလှူရှင်များအဖြစ်သို့ ရောက်ရှိနိုင်စေရန်အတွက် ဆုတောင်းပေးခဲ့ပါသည်။ အဲ့ဒီနောက် ပြည်တော်ကောင်စီ ဉက္ကဌ ဆရာဦးကျော်မင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာတော်ကြီးနှင့် မွန်ဆီညော် ဒေါမိနစ်ဂြိုဟ်တု တို့၏ ကောင်းချီးပေးခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။
Photos News by - Pinky


2021-01-16 01:30:17
NEWS AND EVENTS