Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

ဂျွန်ပေါလ်ဆန်လှူအသင်း " ထူထောင်ခြင်း

*** မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကုတင်ဝင်းဉီးဆောင်၍ ရဟန်းတော်များ စုပေါင်း၍ '' ဂျွန်ပေါလ်ဆန်လှူအသင်း " ထူထောင်ခြင်း ။***

 မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းနှင့် ဘုန်းတော်ကြီး (၆၇) ပါးမှ တစ်ပါးလျှင် (၅၂၀,၀၀၀) ကျပ်စီ မတည်ထည့်ဝင်ခဲ့ပါသည်။ စုစုပေါင်း ကျပ်သိန်းပေါင်း သုံးရာလေးဆယ့်ရှစ်သိန်း လေးသောင်း (၃၄,၈၄၀,၀၀၀)ကျပ် ဖြင့် ကိုဗစ် -၁၉ ကြောင့် အခက်အခဲရှိသူများအား ကူညီမည့် '' ဂျွန်ပေါလ်ဆန်လှူအသင်း " ကိုထူထောင်ခဲ့ပါသည်။

ပါဝင်လှူဒါန်လိုသူများအနေဖြင့်လည်း မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ့ ဘဏ္ဍာထိန်း ဘုန်းတော်ကြီး ဖါသာရ် ပက်ထရိတ် စိုးထွန်း ( ၀၉- ၂၀၂၁၀၄၈) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။



2020-05-05 20:57:15
NEWS AND EVENTS