Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

ဘုရားစကားသင်ကြားနေသည့် သူများအားသွားရောက်ကြည့်ရှု့အားပေး

(၁၂.၃.၂၀၂၀) ရက်နေ့ နံနက်ပိုင်းက  ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းမှ   စိန့်ဂျွန်းဘုရားကျောင်း၌ ဘုရားစကားသင်ကြားနေသည့် သူများအားသွားရောက်ကြည့်ရှု့အားပေးခြင်း။

 

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း၏ လမ်းညွှန်ချက်အတိုင်း နွေရာသီ ဘုရားစကားသင်တန်းများကို မတ်လ(9) ရက်နေ့မှစတင်၍ မန္တလေးသာသနာအတွင်းရှိ သာသနာအုပ်စု အသီးသီး၌ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် အတူ သီလရှင်များ ၊ ဓမ္မဆရာ/မ များ နှင့် လူငယ်များမှ တတ်ကြွစွာဖြင့် ဝိညာဉ်ရေးနှင့် အထွေထွေ ဗဟုသုတဆိုင်ရာများကို သင်ကြားလျှက်ရှိနေပါတယ်။

ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းသည် ၎င်း၏ နွေရာသီဘုရားစကားသင်ကြားရေး အထူးအာပေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေကြသည့် မန္တလေးမြို့ပေါ်ရှိ စိန့်ဂျွန်းဘုရားကျောင်းသို့ (၁၂.၃.၂၀၂၀) ရက်နေ့က သွားရောက်အားပေးကြည့်ရှု့ရင်း ဆရာတော်ကိုယ်တိုင် ကိုဘ်တော်မြတ်စက္ကရမင်တူးယူကြမည့် ဘုရားစကားတန်းမှ ကလေးများအား ဘုရားကျောင်းတွင်းသို့ ဝင်ရောက်သည့်အခါ လုပ်ဆောင်ရမည့် အရာများနှင့် ဘုရားကျောင်းသည် သခင်ခရစ်တော်ကိန်းဝပ်ရာ  ဗိမာန်တော်ဖြစ်သည့်အတွက် မည့်ကဲ့သို့ နေထိုင်သွားလာရမည်ကိုလည်း သင်ကြားပေးတော်မူခဲ့ပါသည်။

 

NEWS AND EVENTS