Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

ချမ်းသာကုန်းစိပ်ပုတီးမယ်တော်ပွဲတော် နှင့်အတူ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ Deacon သိက္ခာ တင်ပွဲ

၂၀၁၈ ခုနှစ်၊(အောက်တိုဘာလ၂၄)ရက်၊ယနေ့နံနက် (၈း၀၀)နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ချမ်းသာကုန်းစိပ်ပုတီးမယ်တော်ပွဲတော် နှင့်အတူ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ Bro.Raymond Wai Lu , Bro.Patrick Win Lwin Htun နှင့်အတူ Dominican အသင်းဂိုဏ်းမှ Bro.Anthony တို့သုံးပါးအား မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီကောလာစ်း မန်ထန်း မှ Deacon သိက္ခာကိုပေးအပ်ခဲ့ပါသည်။ဦးပဉ္စင်းသုံးပါးအား ၀ိုင်းဝန်းဆုတောင်းပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုပါသည်။

(Deacon Patrick Win Lwin Htun ၏ မိခင် Vincina ဒေါ်ညွှန့်စိန် အသက်(58)သည် သိက္ခာတင်အခမ်းအနား ကျင်းပနေစဉ်မှာပင် ရွှေဘိုမြို့နယ် ၊ မေဂွန်ကျေးရွာ၌ ခရစ်တော်၌ အိပ်ပျော်သွား သည်ဟု သိရှိရပါသဖြင့် Deacon Patrick Win Lwin Htun ၏ မိခင်အတွက်လည်း ၀ိုင်းဝန်း ဆုတောင်းပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုပါသည်။)

Photos News - Pinky



2018-10-25 06:38:00
NEWS AND EVENTS